ဒါအ်ဝဟ်ဆိုသည်မှာ
ဒါအ်ဝဟ်ဆိုသည်မှာ

ဒါအ်ဝဟ်ရဲ့ အဘိဓာန်အဓိပ္ပာယ်မှာ ဖိတ်ခေါ်ခြင်း၊ ဒိုအာတောင်းခံခြင်း ဖြစ်တယ်။ ဒါအ်ဝဟ်ရဲ့ ဝေါဟာရ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်ခြင်း၊ သောင်ဟီးဒ်ရဲ့ သတင်းစကားတွေနဲ့ အစ္စလာမ်ရဲ့ သတင်းစကားတွေကို ပို့ချခြင်း၊ အစ္စလာမ်ရဲ့ မဏ္ဍိုင်တွေနဲ့ အမိန့် ပညတ်ချက်တွေကို ပို့ချခြင်းဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ ဤသို့ အမိန့်ရှိတယ်။ يٰٓأَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا* وَدَاعِيًا إِلَى اللَّـهِ بِإِذْنِهِ وَسِرَاجًا مُّنِيرً (အဓိပ္ပာယ်) အို.တမန်တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်သာမက သတင်းကောင်းပြောသူအဖြစ်နှင့် သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခဲ့သည်။ * ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်သို့ အရှင်မြတ်၏ အမိန့်တော်ဖြင့် ဖိတ်ခေါ်သူအဖြစ်နှင့် လင်းဝင်းတောက်ပသော မီးတိုင်အဖြစ် စေလွှတ်တော်မူခဲ့သည်။ (ကုရ်အာန် ၃၃:၄၅၊ ၄၆) (ရှင်းလင်းချက်...တမန်တော်မြတ်(ဆွ)ကို လင်းဝင်းတောက်ပတဲ့ မီးတိုင်းလို ပမာပေးပြီး စေလွှတ်တာက မီးတိုင်းဟာ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အမှောင်တွေကို ဖြိုဖျက်ပေးပြီး အလင်းပြသလို တမန်တော်မြတ်(ဆွ) ဟာလည်း ကုဖ်ရ်၊ ရှိရ်က်ဆိုတဲ့ အမှောင်တွေကို ဖြိုဖျက်ပြီး သောင်ဟီးဒ်ဆိုတဲ့ လင်းရောင်ခြည်ဘက်ကို ပြသတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။) ဒါအ်ဝဟ်နဲ့ ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ အမြောက်အများ လာရှိထားတယ်။ ﴿فَبِمَا رَحْمَةٍ مِنَ اللَّهِ لِنْتَ لَهُمْ وَلَوْ كُنْتَ فَظًّا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ﴾ ၎င်းပြင် အသင် (တမန်တော်မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာ အသနားတော်ဖြင့်ပင် သူတို့အား နူးညံ့စွာ (ဆက်ဆံမှု) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အသင်သည် ကြမ်းတမ်းပြီး စိတ်သဘောထား ခက်ထန် ကြမ်းကြုတ်သူဖြစ်ခဲ့လျှင် သူတို့သည် အသင်၏ အနီးမှ ဖရိုဖရဲဖြစ်ပြီး ထွက်ခွာသွားကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်ပါ။ အလ္လာဟ်အရှင်မြတ်ထံ၌လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပါ။ ထို့ပြင် အသင်သည် အရေးကိစ္စများနှင့် စပ်လျဉ်း၍ သူတို့နှင့် တိုင်ပင်ဆွေးနွေးပါ။ ၎င်းပြင် အသင်သည် ပြုလုပ်ရန် စိတ်ဆုံးဖြတ်လိုက်သောအခါ အလ္လာဟ်အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်လိုက်ပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် အပေါ်) ယုံပုံလွှဲအပ်သူများကို နှစ်သက် မြတ်နိုးတော်မူသည်။ (ကုရ်အာန် ၃း၁၅၉) ﴿وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ ﴾ ထို့ပြင် အကြင်သူထက် စကားအရာတွင် ပိုကောင်းသည့်သူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ် အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သည့် အပြင် ကောင်းမြတ်သည့် လုပ်ရပ်ကို ပြုလုပ်သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အမိန့်နာခံသူ မွတ်စ်လင်မ်တစ်ဦး ဖြစ်သည်ဟု ပြောဆိုသည်။(ကုရ်အာန် ၄၁း၃၃) ﴿كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَهُمْ مِنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ ﴾ အသင်တို့သည် လူများအတွက် ထုတ်ဖော်ခြင်းခံရသော အကောင်းဆုံး အုပ်စုဖြစ်သည်။ (အဘယ်ကြောင့်ဆိုသော်) အသင်တို့သည် ကောင်းရာများကို ညွှန်ကြားကြပြီး စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန် ယုံကြည်ခဲ့ကြမည်ဆိုလျှင် အမှန်ပင် သူတို့အတွက် ပိုကောင်းသည်။ သူတို့ထဲတွင် ယုံကြည်သူများလည်း ရှိသည်၊ ၎င်းပြင် သူတို့ထဲမှ အများစုသည် အမိန့်မနာခံ ဖီဆန်သူများပင် ဖြစ်ကြသည်။ ( ကုရ်အာန် ၃း၁၁၀) ﴿وَلْتَكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَأُولَئِكَ هُمُ الْمُفْلِحُونَ ﴾ ထို့ပြင် အသင်တို့ထဲ၌ (ဤသို့သော) အုပ်စုတစ်စု ရှိရမည်။ ထိုအုပ်စုသည် ကောင်းရာဘက်သို့ ဖိတ်ခေါ်ကြရမည်။ ၎င်းပြင် ကောင်းရာကို ညွှန်ကြားကြရမည်။ ၎င်းပြင် မကောင်းရာမှ တားမြစ်ကြရမည်။ ၎င်းပြင် ထိုသူများပင် အောင်မြင်မည့်သူများ ဖြစ်ကြသည်။ (ကုရ်အာန် ၃း၁၀၄) ﴿ادْعُ إِلَى سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴾ အသင်သည် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ လမ်းကို ပညာဉာဏ် အမြော်အမြင်နှင့် ကောင်းမြတ်သော ဆုံးမသြဝါဒဖြင့် ဖိတ်ခေါ်ပါ။ ထို့ပြင် အသင်သည် သူတို့အား အကောင်းဆုံး နည်းဖြင့် အချေအတင် ပြောဆိုပါ။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်ပင် အရှင်မြတ်၏ လမ်းတော်မှ လွဲချော်သွားသော သူများကို အသိဆုံး ဖြစ်တော်မူသည်။ ၎င်းနောက် အရှင်မြတ်သည်ပင် တရားလမ်းမှန် ရရှိကြသောသူများကိုလည်း အသိဆုံး ဖြစ်တော်မူသည်။ (ကုရ်အာန် ၁၆:၁၂၅)


Events
Latest Questions
Our Team
Pyton
Pyton

Platform: Online

Date: 2024-12-27

Time: 05:19:00

Tech Meetup Bangkok
Tech Meetup Bangkok

Platform: Location

Date: 2024-12-15

Time: 10:00:00

Q: Where is Allah?

اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَى عَلَى الْعَرْشِ مَا لَكُم مِّن دُونِهِ مِن وَلِيٍّ وَلَا شَفِيعٍ أَفَلَا تَتَذَكَّرُونَ ﴿٤ It is Allah who created the heavens and the earth and whatever is between them in six days; then He established Himself above the Throne. You have not besides Him any protector or any intercessor; so will you not be reminded? Surah As-Sajdah | Chapter 32, Verse 4 but Allah سبحانه و تعالى also says, فَاطِرُ السَّمَاوَاتِ وَالْأَرْضِ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَمِنَ الْأَنْعَامِ أَزْوَاجًا يَذْرَؤُكُمْ فِيهِ لَيْسَ كَمِثْلِهِ شَيْءٌ وَهُوَ السَّمِ�...

Learn More
Q: dsagvcxz

asdcadsfacx...

Learn More
Q: ajlsdjfoasjdfkosm

sadlkjasdiofjsdo...

Learn More
Q: adsafd

asdaf...

Learn More
Q: blah blah blah

fadss...

Learn More
Kyaw Minn Htike  (حمادالله أسجد)'s Photo
Kyaw Minn Htike (حمادالله أسجد)

Position: Managing Director

Education: Civic Engagement at University of Nebraska at Omaha, Mechanical engineering at Technological University, Mawlamyaing,

Contact: